
ဆက်သွယ်ပါ
အကောင့်ဖွင့်နည်း

1. “စတင်မည်” ခလုတ်ကိုနှိပ်ပါ။

2. မိမိဖုန်းနံပါတ်ကို ထည့်ပြီး “ရှေ့သို့” ကိုနှိပ်ပါ။

3. ဖုန်းထဲသို့ ဝင်လာသည့် OTP နံပါတ် 6လုံး ကိုထည့်ပါ။

4. “စာရင်းသွင်းမည်” ခလုတ်ကိုနှိပ်ပါ။

5. “Foreigner” ကိုရွေးပြီးလျှင် “ပတ်စ်ပို့ Scan လုပ်ခြင်း” ကိုနှိပ်ပါ။

6. ပတ်စ်ပို့ကို စစ်ဆေး၍ ပြထားသည့်အတိုင်း အမှန်ခြစ်များ နှိပ်ပြီးလျှင် “ရှေ့သို့” ကိုနှိပ်ပါ။

7. မျက်မှန်၊ ဦးထုပ်နှင့်နှာခေါင်းစည်းတို့ကို ခတ္တဖယ်ရှားပြီး “ဆယ်ဖီရိုက်ပါ” ဟူသော ခလုတ်ကိုနှိပ်၍ စကန်လုပ်ပါ။

8. စကန်လုပ်ပြီးလျှင် မျက်တောင်နှစ်ချက်ခပ်လိုက်ပါ။

9. ပုံပါအတိုင်းအချက်အလက်များကို ရွေးချယ်/ဖြည့်သွင်းပါ။ မဖြစ်မနေ ရွေးချယ်/ဖြည့်သွင်းရန် လိုအပ်သောနေရာများကို အနီရောင်ဘောင်ဖြင့်ပြထားသည်

10. လိုအပ်သည့် အချက်များအားလုံးဖြည့်ပြီးလျှင် “ရှေ့သို့” ကိုနှိပ်ပါ

11. မိမိကိုင်ဆောင်ထားသော ဝေါ့ပါမစ်ပုံစံကို ရွေးချယ်ပါ။

12. “မှတ်တမ်းစာရွက် ဓာတ်ပုံရိုက်ရန်” ကိုနှိပ်ပါ။

13. ဓာတ်ပုံကိုစစ်ဆေးပြီးလျှင် “ဤပုံကို သုံးမည်” ကိုနှိပ်ပါ။

14. ပို၍သေချာစေရန် ဓာတ်ပုံများထပ်ရိုက်နိုင်ပါသည်။ ထို့နောက်“မှတ်တမ်းတင်သွင်းမည်”
ကို နှိပ်ပါ။ (ပန်းရောင်ကတ်ဆိုလျှင် ကတ်၏ နှစ်ဖက်စလုံးကို ဓာတ်ပုံရိုက်ပါ)

15. ပြီးလျှင် မိမိ အီးမေးလ်အကောင့် (email)နှင့် ပတ်စဝေါ့ကိုထည့်ပြီး “ရှေ့သို့”ခလုတ်ကိုနှိပ်ပါ။ အီးမေးလ်မရှိလျှင် “No email” ကိုနှိပ်ပါ။

16. TrueMoneyဝေါလပ်အကောင့်ဖွင့်ခြင်း ပြီးဆုံးပါပြီ၊ အသုံးပြုခွင့်ရရှိရန်
စောင့်ဆိုင်းပေးပါ။ စာအိတ်ထဲသို့ ရလဒ်အား ပို့ပေးပါမည်။